တစ်ခါတုန်းက ညီမ ဖတ်ဖူး တဲ့ စာတစ်ပု’်ထဲမှာ ]ပျော်ရွှင်စွာ အသက်ရှင်ပါ} ဆိုတဲ့ ခေါင်းစဉ်လေး နဲ့ အကြောင်းအရာလေးကို စိတ်ထဲ မှတ်မိနေတယ်။ ဇာတ်လမ်းကတော့ ရိုးရိုးလေးပါ။ သူနာပြုသင်တန်းက ဆရာ တစ်ယောက် အစာအိမ်ကင်ဆာရော ၈ါကျွမ်းနေတဲ့ အဘိုးကြီးကို သွားပြုစုရတာ။ အဘိုးကြီးက ဝေ’နာကျွမ်းနေပေမဲ့ ဘ၀အားအင် အပြည့်ရှိတယ်။ ပျော်တတ် နောက်တတ်တယ်။ သူနာပြုဆရာကတော့ အမြဲမှုန် ကုတ်ကုတ်ပဲ။ အဘိုးကြီးက အဲ’ီဆရာကို အမြဲ နောက်တယ်။ ရယ်စရာတွေလည်း ပြောတယ်။ ‘ါပေမဲ့ သူနာ ပြုဆရာကတော့ ပြုံးရယ်တယ်ဆိုတာ တစ်ခါမှ မရှိဘူး။ အဲ’ီအတွက် အဘိုးကြီးက တစ်ခါတလေ စိတ်အလို မကျ ဖြစ်တတ်တယ်။ တစ်ရက် အဘိုးကြီးကို ရေချိုးပေးပြီး အ၀တ်လဲပေးတော့ အဘိုးကြီးက မစ်ကီမောက် ၀တ်စုံတီရှပ်ထုတ်ဝတ်တယ်။ ‘ါနဲ့ သူနာပြုဆရာက ]အဘရယ် အဘ၀တ်ထားတာကဝေါ့’စ္စနေကာတွန်းကားထဲက မစ်ကီးမောက်စ်ဝတ်စုံအတိုင်းပါပဲလား။ အဘအရွယ်နဲ့ ‘ီထက် ပိုလိုက်တဲ့ဝတ်စုံ ပြန်လဲပေးရမလား} တဲ့။ ‘ီတော့ အဘိုးကြီးက ]နေပါစေ။ မလဲပါဘူး။ ကျုပ်က ‘ါကိုပဲ ပိုကြိုက် တယ်။ မစ်ကီဝတ်တဲ့ဝတ်စုံ ၀တ်ထား တော့ ကျုပ် ပျော်ပျော်ရွှင်ရွှင်နေနိုင်သေးတယ်ဆိုတာ သတိရနေတယ်။ ‘ါဟာ ဆရာဝန်ထိုးပေးတဲ့ ဆေးထက် ပိုစွမ်းတယ်ကွယ့်။ မောင်ရင်လည်း ကျုပ်လိုပဲ ၀တ်သင့်တယ်} တဲ့။ အဘိုးကြီးက ဆက်ပြောတယ်။ ]မောင်ရင်ဟာ ကျုပ်တွေ့ဖူးသမျှထဲမှာ စိတ်”ာတ်အညှိုးငယ်ဆုံး လူတစ်ယောက်ပဲ} တဲ့။ ‘ီတစ်ကြိမ်ဟာ နောက်ဆုံး အကြိမ်အဖြစ် အဘိုးကြီးနဲ့ သူနာပြုဆရာတွေ့ဆုံခြင်းပါ။ နောက်ရက်တွေမှာ သူနာပြုဆရာဟာ အဘိုးကြီးဆီ မရောက်ဖြစ်တော့သလို၊ သိပ်မကြာခင်မှာပဲ အဘိုးကြီး ဆုံးသွားကြောင်း သိလိုက်ရတယ်။ သူ့ဆီလည်း အဘိုး ကြီးမဆုံးခင် ပေးလိုက်တယ်ဆိုတဲ့ လက်ဆောင်နဲ့ စာလေးတစ်စောင် ရောက်လာတယ်။ သူ ဖွင့်ကြည့်လိုက် တော့ အထဲမှ တီရှပ်တစ်ထည်။ မစ်ကီမောက်စ်ရဲ့ အူလှိုက်သည်းလှိုက် ပြုံးရယ်နေတဲ့မျက်နှာကြီးပုံနဲ့။ စာတို လေးကို ဖတ်ကြည့် လိုက်တော့ . . .
]မောင်ရင်
စိတ်ထဲမှာ တင်းကြပ်လာတဲ့အခါတိုင်း
‘ီအင်္ကျီကိုထုတ်ဝတ်ပါ။
အို . . .ဘာပဲဖြစ်ဖြစ်
အမြဲတမ်း ၀တ်ထားတာ အကောင်းဆုံးပဲ}
‘ီကိစ္စတွေ ဖြစ်ပွားအပြီးမှာ သူနာပြုဆရာရဲ့ မျက်နှာမှာ အပြုံးတချို့ကို စတင်မြင်လာရတယ်။ တဖြည်း ဖြည်းနဲ့ သူဟာ ရယ်တတ်လာသူတစ်ယောက် ဖြစ်လာတယ်။ သူ့ဘ၀ကို ပြောင်းလဲစေလိုက်နိုင်တဲ့ အဘိုးကြီး ရွိုင်းရဲ့ အားမာန်ကို သူ တလေးတစား အမြဲမှတ်သားထားလိုက်နိုင်တယ်လေ။ ‘ီလိုပဲ ဘ၀မှာ ပျော်ရွှင်စွာ အသက်ရှင်နေထိုင်သွားဖို့ အဘိုးကြီးရွိုင်းလို အားမာန်မျိုးလိုတယ်။ နောက်ဆုံးအချိန်အထိပေါ့။
နောက်တစ်ခုက ပျော်စရာအဖြစ်အပျက်များကို ရေးမှတ်နည်းပဲ။ ကိုယ့်ဘ၀မှာ တွေ့ ကြုံလာသမျှ ပျော်စရာ ကိစ္စတိုင်းကို စာအုပ်တစ်အုပ်မှာ စာရင်းပြုစုထားမယ်ဆိုရင် တစ်ချိန်ချိန် စိတ်ပျက်အားငယ်စရာ ကြုံတဲ့ အခါ ‘ီစာအုပ်ကို ဖွင့်ကြည့်ရင်း ကိုယ် လောကကြီးထဲမှာ ပျော်ရွှင်မှုတွေ ခံစားခဲ့ရတဲ့အကြိမ်တွေ ကြည့်ပြီး အဖြစ်အပျက်တွေ ပြန်အမှတ်ရရင်း အားယူနိုင်လာမှာပေါ့။ စတင်ရေးမှတ်တဲ့အချိန်မှာ ပျော်စရာအကြိမ်ဟာ နှစ်ကြိမ် သုံးကြိမ်ဘဲ ရှိနိုင်ပေမယ့် နောင်နှစ်ပေါင်း ဘယ်နှစ်လောက်ကြာတဲ့အခါ ပျော်စရာအရေအတွက် အကြိမ် (၃၀၀) လောက်ဖြစ်လာနိုင်တယ်လေ။ လုပ်ကြည့်ဖို့ အလွန်လွယ်ကူသလို စိတ်အင်အားအတွက် အင်မတန်ကောင်းတဲ့နည်းလေးတစ်ခုပါ။
လွင်နှင်းဆွေ
ဦးနှောက်နှင့်နှလုံးသား
မိမိကိုယ်ကို စီမံခန့်ခွဲရန်အတွက် ဦးခေါင်းကို အသုံးပြုပါ။
သူတစ်ပါးနှင့် ပတ်သက်၍မူ နှလုံးသားကိုသာ သုံးစွဲပါ။
အင်္ဂလိပ်’ိုင်ဂျက်စ်
No comments:
Post a Comment