Thursday, November 22, 2007

ပုလဲလိုစီ ပန်းလိုသီ

စစ်မှန်တဲ့ကဗျာကို မြတ်နိုးသူတိုင်း သိမ်မွေ့နူးညံ့မှုတွေနဲ့ ကမ္ဘာကျော်အောင် ထင်ရှားကျော်ကြားတဲ့ ကဗျာဆရာကြီး ရာဘင်ဒြာနတ်တဂိုးကို ကြားဖူးကြမှာပါ။ မေတ္တာတရားရဲ့ နက်နဲမှုတွေကို သရုပ်ပေါ်စေတဲ့ နက်ရှိုင်းလွန်းတဲ့သရုပ်ဖော်မှုတွေက တဂိုးရဲ့ နှလုံးသားထဲကလာတယ်ဆိုတာ ခံစားကြည့်လို့ရပါတယ်။ ညီမလည်း ငယ်ငယ်ကတည်းက တဂိုးရဲ့ကဗျာတွေကို နှစ်သက်ခဲ့တာ။ သူ့ကဗျာတွေက သိမ်မွေ့တယ်။ နူးညံ့တယ်။ ချစ်ဖို့ကောင်းတယ်။ နှလုံးခုန်သံတွေကို သဲ့သဲ့လေး နှေးကွေးသွားစေတယ်။ အခုအောက်မှာ ညီမ အင်မတန်ကြိုက်တဲ့ ကဗျာတွေထဲက ဆန်းစသော်တာ ွန်ငန် ထဲမွာပါတဲ့ ကဗျာလေးနှစ်ပုဒ်ကို ဖော်ပြ လိုက်ပါတယ်။ အဲ့ဒီကဗျာလေးတွေ ရေးစဉ်က ဆရာကြီးရဲ့သမီးလေးဟာ အဆုတ်ရောဂါနဲ့ အိပ်ရာထဲ လဲနေချိန်၊ သမီးလေး ခံစားနေရတဲ့ဝေဒနာကိုကြည့်ရင်း ဘေးက ပြုစုပေးနေရတဲ့ ဆရာကြီးရဲ့ ရင်ထဲ ဘယ်လောက်ထိခိုက်ငိုေ<ကးနေမလဲဆိုတာ စဉ်းစားမိပါရဲ့။ ဒီ ကြေကွဲသံတွေကပဲ ဆန်းစသော်တာဆိုတဲ့ ကဗျှာနမငနျ လေးကို မွေးဖွားရှင်သန်စေခဲ့တာပေါ့။ ဆရာကြီးရဲ့ရင်ထဲက ငိုေ<ကးသံ မျက်ရည်စတွေနဲ့ စုဖွဲ့ထားတဲ့ ဒီကဗျာလေးတွေဟာ ကြေကွဲနာကျင်စရာ သက်သက်မဟုတ်ဘဲ၊ ချစ်ခင်နှစ်လိုဖွယ် စုံမက်ကြည်နူး ဖွယ် ခံစားမှုတွေကို ပေးနိုင်တယ်ဆိုတာ ဖတ်မိသူတိုင်း အံ့သြစရာ တွေ့ရမှာပါ။ ကဲ . . . ဖတ်ကြည့်နော်။

ဆိုးတဲ့ စာပို့သမား
မေမေရယ်
ဘာဖြစ်လို့ စကားတစ်လုံးမှ မပြောဘဲ
ကြမ်းပြင်ပေါ်မှာ
တိတ်တဆိတ် ထိုင်နေရတာလဲ။
သားကို ပြောပြပါလား။
ပြတင်းပေါက်က မိုးရေတွေပက်လို့
မေမေ့တစ်ကိုယ်လုံး စိုရွှဲနေတဲ့အခါမှာလည်း
မေမေ ဘာမှ မလုပ်ဖူးနော်။
လေးမောင်းရိုက်ပြီဆိုတာကို
မေမေ ကြားလိုက်ရဲ့လား ဟင်။
ကိုကိုကြီးတောင်
ကျောင်းဆင်းချိန် ရောက်ပြီလေ။
မေမေ့ကြည့်ရတာ
တစ်မျိုးဖြစ်နေတာ ဘာဖြစ်လို့လဲ။
ဒီနေ့ ဖေဖေ့ဆီက စာမရောက်ဖူးမဟုတ်လား။
မြို့ထဲကလူတွေ အားလုံးအတွက်
စာပို့သမားဟာ စာတွေကို
သူ့အိတ်ကြီးထဲမှာ ထည့်သွားတာကို
ကျွန်တော် မြင်လိုက်တယ် မေမေ။
ဖေဖေ့ စာတစ်စောင်ကိုတော့
သူ ဖတ်ချင်လို့ သိမ်းထားတယ် ထင်တာပဲ။
ဟုတ်တာပေါ့ မေမေ။
စာပို့သမားကြီးဟာ လူဆိုးကြီးပေါ့။
ဒါပေမယ့် မေမေရယ်
ဒါကြောင့်တော့ စိတ်မကောင်း မဖြစ်ပါနဲ့။
မနက်ဖြန်ဆိုရင်
တစ်ဖက်ရွာက ဈေးနေ့လေ။
အိမ်ဖော်မိန်းမကြီးကို လွှတ်ပြီး
ကလောင်တံတို့၊ စက္ကူတို့
အ၀ယ်ခိုင်းလိုက်ပေါ့။

ဖေဖေ့စာတွေကို
သားကိုယ်တိုင် ရေးပေးမယ်လေ။
အမှားတစ်လုံးမှ တွေ့မှာ မဟုတ်ပါဘူး မေမေရဲ့။
သားလေ ကကြီးကနေ
အçအထိ ရေးလိုက်မယ်။
ဒါပေမယ့် မေမေ
ဘာဖြစ်လို့ ပြုံးတာလဲ ဟင်။
ဖေဖေ့လို စာကောင်းကောင်း ရေးတတ်တယ်ဆိုတာ
မယုံလို့လား။
ဒါပေမယ့် မေမေ
သားလေ စာရွက်ပေါ်မှာ
ဂရုတစိုက် မျဉ်းသားမယ်။
ပြီးတော့ လက်ရေးကြီးကြီးလှလှတွေ ရေးမယ်။
စာရေးပြီးရင်လည်း
ဖေဖေ့လို မိုက်ပြီး
စာပို့သမားကြီးရဲ့ အိတ်ထဲကို
သွားထည့်မယ် ထင်သလား။
ဒီစာတွေကို
ကိုယ်တိုင် မေမေ့ဆီကို ယူလာပြီး
တစ်စောင်ပြီးတစ်စောင်
မေမေ့ကို ဖတ်ပြနေမှာပေါ့။
စာပို့သမားကြီးက
တကယ်ပျော်စရာကောင်းတဲ့ စာတွေကို
မေမေ့ကို မပေးချင်ဘူးဆိုတာ
သားသိတာပေါ့ မေမေ။

စာနာသူ
ဂ အမေရယ်
တကယ်လို့ သားဟာ
အမေသားမဟုတ်ဘဲ
ခွေးလေးတစ်ကောင်ဖြစ်ပြီး
အမေ့ပန်းကန်ထဲက နှိုက်စားမယ်ဆိုရင်
မစားနဲ့လို့ ပြောမှာလား ဟင်
]ဟဲ့ ခွေးကလေး သွားစမ်း} လို့ ပြောပြီး
ကျွန်တော့်ကို မောင်းထုတ်မှာလား။
ဒီလိုဆိုရင် သွားအမေ၊ သွား။
နောက်တစ်ခါ အမေခေါ်ရင်
သား မလာတော့ဘူး။
အမေကျွေးတဲ့အစာကိုလည်း
မစားတော့ဘူး။
ဂ အမေရယ်
တကယ်လို့ သားဟာ အမေ့သားမဟုတ်ဘဲ
မြစိမ်းရောင်
ကြက်တူရွေးလေးတစ်ကောင်ဖြစ်ခဲ့ရင်
သား ပျံသွားမှာစိုးလို့
သားကို ကြိုးနဲ့ချည်ထားမှာလား ဟင်
]နင်ဟာ တော်တော်ကျေးဇူးကန်းတဲ့
ငှက်ဆိုးကလေး။
ဘာဖြစ်လို့
ကြိုးကို နေ့ရော ညပါ
ကိုက်ဖြတ်နေရတာလဲ} လို့ ပြောပြီး
လက်ညှိုးတငေါက်ငေါက် ထိုးဦးမှာလား။
ဒီလိုဆိုရင် သွားအမေ၊ သွား။
သားလည်း တောထဲကိုပဲ
ပျံပြေးတော့မယ်။
နောင်မှ အမေ့ရင်ခွင်ထဲကို
ဘယ်တော့မှ မလာတော့ဘူး။
-------------------------------------------------------------------------------------------

မေတ္တာနဲ့ သစ္စာ

လှစ်ဟာလို့ ပြရရင်ဖြင့်

ဖြစ်လာသမျှ အသစ်တွေဟာ

အချစ်တွေပါလို့ ဆိုချင်တယ်။

------------------------------------------------------------------------------------------

မင်းနဲ့အတူ

စကားပျော်ရွှင်

ပြောချင်ပါလည်း

မင်းကမဆို

မျက်နှာညိုတော့

ကိုယ့်မှာအဝေး

ခပ်ငေးငေးနဲ့

ဆွေးဆွေးလေးပဲ တွေးရတာပေါ့။

-----------------------------------------------------------------------------------------

ငါ့ချစ်သူ

ဟိုးအဝေးက ချစ်သူ . . .

တစ်ရံခါမှ မမြင်ဖူးပေမယ့်

မင်းပြောတဲ့စကားတွေနဲ့

အားဖြစ်စေခဲ့ဖူးတယ်

သိမ်မွေ့ ခြင်းတွေနဲ့

ကြင်နာတတ်တဲ့ချစ်သူ

မင်းရင်ထဲက စေတနာတွေနဲ့

ဝေ’နာတွေအတော်များများ

သက်သာရာရခဲ့ဖူးတယ်

စိတ်ထားဖြူစင်ပြီး

ကူညီတတ်တဲ့ချစ်သူ . . .

ပူပင်ဖေးတတ်တဲ့ မင်းမေတ္တာနဲ့

လေးစားစရာ မင်းနှလုံးသားကို

အလေးထားလို့ ငါမြတ်နိုးဖူးတယ်

ပျော်ရွှင်မှုတွေ ဆောင်ကြဉ်းပေးတဲ့

ငါ့ရင်ထဲက ချစ်သူ . . .

အဆုံးမရှိတဲ့ သံသရာမှာ

ခဏတာဆုံတွေ့ ကြရပေမယ့်

ရင်းနှီးခွင့်ပေးတဲ့ ဘုရားသခင်ကို

အသနားခံပြီး တောင်းဆိုချင်ပါတယ်

ချစ်စရာကောင်းတဲ့ မင်းတစ်ယောက်ကို

ငါ့ဘ၀အတွက် လက်ဆောင်အဖြစ် ပေးထားခဲ့ပါလို့။

(စိတ်ရင်းကောင်းလွန်းတဲ့ . . . . အတွက်)


ရှေးရှေးတုန်းက ၁

မက်ခဲ့ရတဲ့ အိပ်မက်တွေနဲ့
မျှော်လင့်ခဲ့ရတဲ့ အနာဂတ်တွေ
အခုအချိန် အရည်ပျော်ခဲ့ပေမယ့်
နေခဲ့ရတဲ့ဘ၀အတွက် သေပျော်ပါပြီ။



တစ်ခါတလေကျတော့ အမှတ်တရဆိုတဲ့ အရာတွေက လူတွေအပေါ် အကောင်းအဆိုးထက် သက်ရောက်မှု ပိုများသလိုပဲ။ အစီအစဉ်တကျ လှုပ်ရှားနေတဲ့စိတ်တွေက တစ်ချိန်ကအရာတွေကြောင့် အစီအစဉ်မကျ ဖြစ်ကုန်ရော။ အခု ဒီဓာတ်ပုံထဲက အရာလေးတွေကြောင့် ခဏခဏ ကမောက်ကမ ဖြစ်ရတဲ့ စိတ်အကြောင်း ပြောပြချင်တယ်။ ပုလင်းလေးတစ်လုံး၊ နာရီလေးနဲ့ လက်စွပ်တစ်ကွင်း။ တစ်ချိန်တုန်းက ပျော်စရာ ပုံရိပ်တွေလေ။ အဲ့ဒီအချိန်တွေကပဲ ကြာတော့ မှုန်ဝါးဝါး ဒဏ္ဍာရီတွေ ဖြစ်ကုန်တယ်။ အရာအားလုံး မတည်မြဲတဲ့အထဲမှာ ဒီဓာတ်ပုံလေးကလည်း တစ်ချိန်က ဆန္ဒမျှော်လင့်ချက်တွေကို သယ်ပြီး ပုံရိပ်အဖြစ် ငြိမ်ငြိမ်လေးပဲ ကျန်ရစ်ခဲ့တယ်။ ပုလင်းလေးကြောင့် တစ်ညလုံး အိပ်မပျော်ခဲ့သလို နာရီလေးလည်နေတာ ကြည့်ရင်းလည်း မိုးလင်းခဲ့ဖူးတယ်။ လက်စွပ်လေးကိုတော့ အခုထိ ပျော်ရွှင်ခြင်းအတွက် ကံကောင်းခြင်း အဆောင်လို့ ယုံကြည်နေတုန်းပဲ။ အပြာရောငှ်ခထနနည နဲ့ နာရီလေးကိုကာကွယ်ဖို့ ကျိုက်ထီးရိုးမှာ လက်တစ်ချောင်းလုံး ဒဏ်ရာရဖူးတယ်။ အဲ့ဒီပစ္စည်းလေး လက်ထဲရောက်တဲ့အချိန်က မိုးတွေရွာခါနီး ဇွန်လရဲ့ မနက်ခင်း ၁၀း၀၀ လောက်မှာပေါ့။ အဲ့ဒီအချိန်ကတည်းက နှလုံးခုန်သံတွေနဲ့ နာရီလေး သက်တမ်းဟာ အတူတူပဲ ဖြစ်ခဲ့တယ်။ အခုထိလည်း တူညီနေတုန်းပဲ။
နောင် နှစ်ပေါင်းများစွာကြာအောင် တူညီမှုတွေနဲ့ ..... ။

ရှေးရှေးတုန်းက ၂
တစ်ခါတုန်းက ကောင်းကလေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် လမ်းလျှောက်လာကြ တယ်။ ကောင်ကလေးလက်ထဲမှာ ထီးကောက်တစ်ချောင်း ကိုင်လို့။ သူတို့နှစ်ယောက်ပုံကြည့်ရတာ အလွန် ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေ ထင်တယ်။ နှစ်ယောက်လုံးရဲ့ မျက်နှာမှာ အပြုံးတွေနဲ့ စကားတွေလည်း လှိုင်လို့။ သူတို့ပြောနေကြတာတွေကတော့ ရောက်တတ်ရာရာ ပျော်ရွှင်စရာတွေပဲပေါ့။ အပူအပင်မရှိ ငြိမ်းချမ်းမှု အပြည့်နဲ့။ ခဏနေတော့ လေတွေထန်လာတယ်။ မိုးနံ့တွေလည်း ရလာကြတယ်။ ညဦးပိုင်းဆိုတော့ လမ်းမီး တိုင်တွေအားနဲ့ မိုးပွင့်တွေကို မမြင်နိုင်ဘူး။ သူတို့လျှောက်နေတဲ့နေရာက သစ်ပင်တွေကြောင့် မိုးစက်တွေရဲ့ ထိတွေ့မှုလည်း မခံရဘူး ဖြစ်နေတယ်။ ဒါနဲ့ ကောင်မလေးက ကောင်လေးကို ဘာပြောလိုက်လဲမသိဘူး။ ကောင်ကလေးက ရှက်ပါတယ်ဟာ၊ မသွားချင်ပါဘူးတဲ့။ ကောင်မလေးက ထပ်ပြောတယ်။ နောက်ဆုံးတော့ ကောင်လေးလည်း မနေနိုင်တာနဲ့ သူတို့လျှောက်နေတဲ့လမ်းလေးရဲ့ ဘယ်ဘက်မှာရှိတဲ့ ကားလမ်းမဘက် လှမ်းသွားတယ်။ လမ်းမအစပ်ရောက်တော့ နောက်ကို ပြန်လှည့်ကြည့်တယ်။ ရပြီလားတဲ့။ ကောင်မလေးက ခေါင်းခါတယ်။ လက်ကို ရှေ့ကို ရမ်းပြတယ်။ အဓိပ္ပါယ်က ဆက်သွားဆိုတဲ့ သဘော။ ကောင်လေးလည်း မကြည်မသာနဲ့ ဆက်သွားတယ်။ သုံးလေးလှမ်းဆက်လှမ်းပြီး နောက်လှည့်ကြည့်ပြန်တယ်။ ကောင်မလေးက ခေါင်းခါပြီး ခြေဆောင့်ပြတယ်။ ဒီလိုနဲ့ ကောင်လေးက ကားလမ်းမအလယ်တည့်တည့်ရောက်သွားတယ်။ လမ်းမအလယ်ရောက်တော့ လက်ဝါးနှစ်ဖက်ဖြန့်ကြည့်တယ်။ ပြီးတော့ ကောင်မလေးဘက်လှည့်ပြီး အော်ပြော တယ်။ မိုးမရွာဖူးဟ။ နင် ငါ့ကို အရမ်းအနိုင်ကျင့်တယ်။ လူတွေဝိုင်းကြည့်နေပြီ။ ရှက်တာ သေတော့မယ်တဲ့။ သြော် ကောင်မလေးက ကောင်လေးကို မိုးရွာ မရွာ ကားလမ်းမအလယ်ထွက်ပြီး သွားကြည့်ခိုင်းတာကိုး။ ချစ်စရာကောင်းတဲ့အရွယ်တွေရဲ့ ချစ်စရာကောင်းတဲ့ စိတ်ကူးလေးပဲနော်။ အပြစ်မထင်သေးတဲ့အရွယ်မှာ နုပျိုတဲ့ အားအင်တွေနဲ့ လွတ်လပ်ပျော်ရွှင်မှုတွေ ခံစားခဲ့ရတဲ့ ကောင်လေးနဲ့ ကောင်မလေး အခုချိန် ဘယ်ဆီကို များ ရောက်နေကြပါလိမ့်နော်။ ဒါလည်း လွန်ခဲ့တဲ့နှစ်တွေမှာ ငြိမ်ငြိမ်လေးကျန်ခဲ့ရတဲ့ လွမ်းမောဖွယ် ရှေးရှေး တုန်းက ပုံပြင်လေးတစ်ပုဒ်ပဲပေါ့။
ပြောချင်တာလေးတွေ
ရွာလေးတစ်ရွာရဲ့ အလယ်မှာ သူအိုမကြီးတစ်ယောက် နေထိုင်တယ်။ တစ်ရက်ကျတော့ အဲဒီ သူအိုမကြီးဆီ သူ့သမီးလေးက ၀က်ကလေးနှစ်ကောင် လာပို့သွားတယ်။ အမေကြီးအောင်မွေးတဲ့။ ကြီးရင်အမေ့အတွက် ငွေပိုငွေလျှံရအောင်လို့တဲ့လေ။ ဒါနဲ့ သူအိုမကြီးလည်း ၀က်ပေါက်လေးနှစ်ကောင်ကို စား<ကင်းစားကျန်လေးတွေကျွေးရင်း ကြီးပြင်းအောင်မွေးတာပေါ့။ အချိန်တွေတစ်ရက်ပြီး တစ်ရက် နှစ်တွေလည်း လွန်လာတော့ ချစ်စရာဝက်ကလေးနှစ် ကောင်ဟာ ၀၀ကစ်ကစ်နဲ့အတော်ကို ထွားလာတယ်။ သူအိုမကြီး အပေါ်လည်း အတော်ချစ်ခင်ကြတယ်။ သူအိုမကြီးရဲ့အစာခွက်ခေါက်သံနဲ့ ]] သားတို့ရေလာကြ၊ လာကြ၊ထမင်းစားချိန်ရောက်ပြီ }}ဆိုတဲ့အသံကြားရတာနဲ့ ဘယ်ဆီဆော့ကစားနေမှန်းမသိတဲ့ ၀က်ကလေး နှစ်ကောင်ဟာ ကဆုန်ပေါက်ပြီး သူအိုမကြီးထံ ရောက်လာလေ့ရှိတယ်။ အစာထည့်ပေးနေတဲ့ သူအိုမကြီး ရဲ့ခြေထောက်အစုံကို သူတို့ကိုယ်လုံး ၀၀လုံးလုံးလေးတွေနဲ့ ပွတ်သပ်ကြတယ်၊ ချစ်ခင်လေးစားတဲ့ မျက်လုံးလေးတွေနဲ့ သူတို့ အမေအိုကြီးကို မော့ကြည့်တက်ကြတယ်။ ပြီးတော့မှ နှစ်ကောင်သား ခေါင်းမဖော်တမ်း စားကြတယ်လေ။ ညဘက်ရောက်တော့လဲ တဲရှေ့မှာ အမေအိုကြီး အိပ်ပြီဆိုမှ နှစ်ကောင်သား အိပ်လေ့ရှိတယ်။ မနက်မိုးလင်းရင်တော့ ၀က်ကလေးတို့ သဘာဝရွာရိုးကိုးပေါက် လျှောက်ဆော့ကြတာပေါ့၊ နေ့လယ်အစာကျွေးချိန် အမေအိုရဲ့ ခွက်ခေါက်သံမကြားမခြင်း သူတို့ ဘယ်ရောက် နေကြတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ကြဘူး။
ဒီလိုနဲ့ ရွက်ဝါတွေ သုံးခါမြောက်ကြွေချိန်ကြတော့ ချစ်စရာဝက်ပေါက်လေး နှစ်ကောင်ဟာအတော်ကြီးမားထွားကြိုင်းတဲ့ ၀က်ကြီးတွေဘ၀ရောက် လာကြတယ်။ အချိန်တွေပြောင်းပေမယ့် သူတို့ရဲ့ ရှင်သန်နေထိုင်ပုံကတော့ ဘာမျှပြောင်းလဲမသွားဘူး။ မနက်ဆို ရပ်တကာလှည့် လျှောက်သွားနေကြတဲ့ ၀က်လေးနှစ် ကောင်ဟာ အမေအိုရဲ့ ခွက်ခေါက် သံကြားရချိန်မှ ပြန်ရောက်လာကြတယ်။ ညဆိုလည်း အမေအိုအိပ်မှ သူတို့အိပ်မြဲ။ ဒီလိုနဲ့ သူတို့ သာယာချမ်းမြေ့ခဲ့ကြတယ်။ တစ်နေ့မှာတော့ သူတို့ချစ်တဲ့ အမေအိုကြီးအိမ်ကို အရုပ်ခပ်ဆိုးဆိုး ကြမ်းကြမ်းတမ်းတမ်းရှိတဲ့လူနှစ်ယောက် တက်သွားတာမြင်လိုက်ရ တယ်။ မြင်မြင်ချင်းပဲ ၀က်လေးနှစ်ကောင် တစ်ကောင်မျက်နှာ တစ်ကောင်ကြည့်ရင်း ချက်ချင်းနားလည် လိုက်ကြတယ်၊ ဘာလို့လဲဆိုတော့ နေရာဆုံအောင်လျှောက်ဆော့နေကြတဲ့ ၀က်နှစ်ကောင်က ဒီလူ နှစ်ယောက်ကို ကောင်းကောင်းမှတ်မိကြတယ်လေ။ ဘာလို့လဲဆိုတော့ သူတို့နှစ်ကောင်ရဲ့ သူငယ်ချင်း ၀က်ကလေးအတော်များများ သေဆုံးခဲ့ဘူးကြတယ်လေ။ သူတို့ရဲ့ညှာတာစိတ်ကင်းမဲ့ပြီး ရက်စက်လွန်း တဲ့မှိန်းချက်အောက်မှာ မချိမဆန့်အော်ဟစ်သေဆုံးသွားခဲ့တဲ့ သူငယ်ချင်းတွေကို ၀က်ကလေးတွေ ဘယ်တော့ မှ မမေ့ကြဘူး၊ အခုလည်း ဒီလူတွေ သူတို့အိမ်ပေါ်ရောက်လာကြပြီ၊ အဓိပ္ပါယ်ကတော့ ဒီတစ်ခါ သူတို့ အလှည့်ဖြစ်ပြီပေါ့၊ သနားစရာကောင်းတဲ့ဝက်ကလေးနှစ်ကောင်ဟာ သူတို့သေရတော့မယ် ဆိုတာ အလိုလိုနားလည်လိုက်ကြတယ်။ မျက်ဝန်းကမျက်ရည်တွေလည်း ကျလို့၊ တစ်ကိုယ်လုံးလည်း တဆတ်ဆတ် တုန်နေကြတယ်၊ သူတို့ မသေချင်သေးဘူး၊ ပျော်စရာကောင်းတဲ့ ဘ၀လေးတွေမှာ နေချင်ကြတယ်။ သူတို့သူငယ်ချင်းတွေလိုလည်း ကြောက်စရာကောင်းတဲ့ ဝေဒနာကြီး မခံစားချင်ဘူး။ နောက်ဆုံးတော့ ၀က်ကလေးနှစ်ကောင် ဆုံးဖြတ်ချက်ချလိုက်တယ်။ သူတို့ ထွက်ပြေးကြမယ်လို့။
အတော်ဝေးဝေးတစ်နေရာက တဲအိမ်ကလေးတစ်လုံးရဲ့ ထောင့်လေးမှာ ၀က်ကလေးတွေပုန်းနေကြ တယ်။ ကြောက်လွန်းလို့ အခုထိ တစ်ဆတ်ဆတ်တုန်လို့၊ ၀က်အကြီးကလေးက အငယ်ကလေးကို အားပေးတယ်။ "ညီလေးရယ်တို့ကို သူတို့ မတွေ့နိုင်ပါဘူး " တဲ့။ ညီအစ်ကိုနှစ်ကောင် တိတ်တိတ်ကလေး နေနေလိုက်တာ သိပ်သနားစရာကောင်းတာပဲ။ ခဏနေတော့ သူတို့အမေအိုကြီးရဲ့ အသံကြားလိုက် ရတယ်။ သူတို့ အစာခွက်ခေါက်သံလဲကြားရတယ်။ " သားတို့ရေလာကြ၊ အစာစားချိန်ရောက်ပြီ၊ " ဒီတစ်ခါ အမေအိုရဲ့အသံကြားလို့ သူတို့ကဆုန်ပေါက်ပြီး ပြေးထွက်မလာကြပါဘူး၊ မျက်ရည်တွေကျနေတဲ့ဝက်ကလေးနှစ်ကောင်ဟာ နေရာကတစ်စက်မှ မရွှေ့ဘဲ တစ်ဆက်ဆက်တုန်လို့။ အမေအိုရဲ့အသံ နောက်တစ်ကြိမ်ထွက်လာပြန်တယ်။'သားတို့ရေ အစာစားချိန် ရောက်ပြီလေ၊ ဘယ်များသွားနေကြသလဲကွယ်၊ အမေ့ဆီလာကြပါဦး " ၀က်ကလေးနှစ် ကောင် အသံတောင်မထွက်ရှာဘူး၊ တုန့်ပြန်မှုမရတဲ့အမေအိုခမျာ၊ ၀က်ကလေးနှစ်ကောင် ဘယ်များသွားနေ လဲဆိုပြီး ရွာရိုးတစ် လျှောက်လိုက်လံရှာဖွေတယ်။ ပါးစပ်ကလည်း တကြော်ကြော်ခေါ်လို့ " သားတို့ရေ ဘယ်များသွားနေလဲ၊ အမေ့ဆီပြန်လာကြပါ။ အမေ့ကို ဒုက္ခမပေးပါနဲ့ကွယ် "အမေအိုရဲ့စကား သံက ၀က်ကလေးတွေရဲ့နှလုံးကို တကယ်ပဲ ထိခိုက်စေပါတယ်။ မှုန်မှုန်ဝါးဝါး မမြင်မစမ်းနဲ့ လိုက်ရှာနေတဲ့ အမေအိုကို ၀က်ကလေးတွေ အတိုင်းသားမြင်နိုင်ပေမဲ့ အမေအို ခမျာတော့ ၀က်လေးတွေကို မြင်နိုင်စွမ်း မရှိပါဘူး။ ဒီဝက်ကလေးနှစ်ကောင်နှင့် ပတ်သတ်လို့ အမေအို စိတ်မကောင်းဖြစ်ရတာလည်း အမှန်ပါ။ ဒါပေမဲ့ သူကိုယ်တိုင်က အိုကြီးအိုမ မပြည့်စုံဘူးလေ။ အခုလည်းဝက်ကလေးတွေကို ရောင်းရငွေနဲ့ ယိုင်ပြီး အမိုးမလုံတဲ့သူ့အိမ်လေးကို ပြန်ပြင်ဆောက်ရမှာ၊ ၀က်ကလေးတွေနဲ့ သူ့ရဲ့စားသောက်စရိတ် တွေကြောင့် တက်လာတဲ့ အကြောင်းတွေလည်း ချေရဦးမယ်လေ။ ဒါတွေကြောင့်ဘဲ ၀က်ကလေးတွေရောင်းဖို့ သူစဉ်းစား ရတော့တာပေါ့။
အော်ဟစ်ခေါ်ငင်နေတဲ့အမေအိုကို ကြည့်ရင်းဝက်ကလေးနှစ်ကောင်မျက်ရည်တွေကျလာတယ်။ သူတို့ထွက်လာ၇င် သေရမယ်ဆိုတာ သေချာသိနေတယ်။ ဆက်ပြီးပုန်းနေဖို့ကလည်း မမြင်မစမ်းနဲ့ လိုက်လံရှာဖွေနေရတဲ့ အမေအိုကို မကြည့်ရက်ပြန်ဘူး။ နောက်ဆုံးတော့ ၀က်အကြီးလေးက ဆုံးဖြတ်ချက် ချလိုက်တယ်။ သေရမှာကြောက်လွန်းလို့ တုန်ယင်နေတဲ့ ညီဝက်ကလေးကို " ညီကလေးရေ ... တို့တွေက အသားနဲ့ အမှုထမ်းရမှာဆိုတော့ တို့တာဝန်ကြေအောင် ထွက်ကြစို့ကွာ၊ ကြာရင် အမေအို ဒုက္ခဖြစ်တော့မယ်၊ ညီကလေးရေလာ . .လာ ... " ၀က်အကြီးကလေးရဲ့ စကားအဆုံး ညီဝက်ကလေးက မယုံနိုင်တဲ့ မျက်ဝန်းလေးတွေနဲ့ သူ့အစ်ကို ကို မော့ကြည့်တယ်၊ သူ့အစ်ကို တစ်ကယ်ပြောနေတာပါလားဆိုတာ သိတော့ မသွားပါရစေနဲ့ အစ်ကိုရယ်ဆိုတဲ့ အကြည့်လေးနဲ့ တောင်းပန် တိုးလျှိုးတယ်။ အစ်ကိုဝက်လေးကခေါင်းခါပြတယ်၊ " ဒါတို့တာဝန်ပဲကွာ၊ တို့အမေအိုကို ကျေးဇူးဆပ်ရမှာပေါ့ ညီကလေးရာ" တဲ့။ ညီဝက်ကလေးက တော်တော်ကြာကြာ တွေတွေကလေးဖြစ် သွားတယ်၊ တစ်သက်လုံး သူတို့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ အမေအိုကို ကျေးဇူးဆပ်ဖို့ အချိန်ရောက် ပြီပေါ့၊ သူတို့က ဒီအတွက်စောင့်နေရတာပဲလေ။ ညီဝက်ကလေးလက်ခံတဲ့အထိ အစ်ကို ၀က်ကလေး စောင့်နေရှာတယ်။ ပြီးတော့မှ ညီအစ်ကိုနှစ်ကောင် လှုပ်လှုပ် လှုပ်လှုပ်နဲ့ အမေအိုကြီး ရှိရာ တရွေ့ရွေ့ လှမ်းသွားကြတယ်။ သူတို့ကျေးဇူးရှင် အမေအိုကြီးဆီကတဆင့် သားသတ်သမားတွေ လက်ထဲအထိပေါ့ . . . .



လွင်နှင်းဆွေ